Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်းများအား ဆေးဝါးနှင့် အခြားပစ္စည်းများ လိုက်လံထောက်ပံ့
Sep 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်ပြည်သူများအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးတို့က အလှူရှင်များမှ လှူဒါန်းသော ဆေးဝါးနှင့်အခြားပစ္စည်းများကို စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီက အဆိုပါနေရာများတွင် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးပညာပေးဟောပြောပွဲ ကျင်းပ
Sep 16,2024
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် ၉ လမ်း၊ ကံဓမ္မရာဇ်စေတီ တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းများ၊ ကယ်ဆယ်ရေးစခ…
Sep 16,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နဝင်းချောင်းရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာလမ်း၊ တံတားများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာအဝင် ကတ္တရာလမ်းနှင့် ချဉ်းကပ်လမ်းပျက်စီးနေမှုအခြေအနေများ၊ ပုဏ္ဏမာကျေးရွာအဝင် ကွန်ကရစ်လမ်းနှင့် ကျေးရွာအတွင်း တင်ကျန်ခဲ့သည့် ရွံ့နွံများအား ရှင်းလင်းဆောင်ရွက်နေမှု၊ မကျီးပင်ကျေးရွာအတွင်း စက်ယန္တရားဖြင့် အမှိုက်၊ ဒိုက်များ သန့်ရှင်းဆောင်ရွက်ခြင်း၊ မကျီးပင်ကျေးရွာနှင့် ချောင်းခြားကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတား ချဉ်းကပ်ပျက်စီးနေမှုများအား ကြည့်ရှု၍ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၄ ခုနှစ်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီ…
Sep 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
Sep 16,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဘောလုံးကွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း(မန္တလေး)မှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်း
Sep 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျောက်ဆည်ခရိုင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ထောက်ပံ့ပစ္စည်းများလက်ခံရေး လုပ်ငန်းအဖွဲ့ဖွဲ့စည်းဆောင်ရွက်ထားရှိရာ စက်တင်ဘာ(၁၅)ရက် နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း (မန္တလေး)မှ ရေဘေးသင့်ပြည်သူများအတွက် လာရောက်လှူဒါန်းသော ထောက်ပံ့ပစ္စည်းများ စနစ်တကျ လက်ခံထားရှိပြီး လိုအပ်လျက်ရှိသည့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပေးအပ်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်
Sep 16,2024
မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ထင်ဟပ်ပေါ်လွင်စွာနှင့် အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့သော ကရင်ပြည်နယ် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Sep 16,2024
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6866
Page
6867
Page
6868
Page
6869
Current page
6870
Page
6871
Page
6872
Page
6873
Page
6874
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department