အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးရမည့် ကျောင်းသား၊ ကျောင်းသူများ ဖွဲ့စည်းပုံအခြေခံဉပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဉပဒေဆိုင်ရာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောဆွေးနွေးခြင်းကို စက်တင်ဘာ ၁၁ ရက်၊ မွန်းလွဲပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၆)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 16,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာတွင်ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုအန္တရာယ်နှင့် ရေတိုက်စားမှုကြောင့် မြေပြိုကျမှုအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန်နှင့် လိုအပ်သော ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မုန်းချောင်းဘေးတစ်လျှောက်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြေပိုကျမှုကြောင့် ဒါဝါလော်ချီးကျေးရွာအုပ်စု၊ လေလော်ဒေးကျေးရွာတွင် မြေစာပိ၍သေဆုံးခဲ့သည့်အိမ်ထောင်စုမှ လူဦးရေ(၄)ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
Sep 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာပေများ ဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများနှင့် စာပေဝါသနာရှင်များတိုးတက်ရေး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ Mpox(မျောက်ကျောက်) ရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Sep 16,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ယနေ့နံနက် ၉:၀၀နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။