Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသည့်လမ်းများ…
Sep 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းဘုန်းတော်ကြီးကျောင်းတွင် သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လမ်းများအမြန်ပြန်လည်သွားလာနိုင်ရေး ဆရာတော်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကင်းဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်း၌ လူဦးရေနှင့်သန်းခေါင်းစာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက် သင်တန်းဖွင့်လှစ်
Sep 18,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က GTI ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်လှစ်
Sep 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)အနော်ရထာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (တတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Sep 18,2024
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ ဒုတိယဉက္ကဌများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/မုံရွာခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်လှစ်
Sep 18,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အ.ထ.က (၁)ကျောင်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)တွင် မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲဓလေ့အား အစဥ်အလာမပျက် ပြုလုပ်
Sep 18,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့)တွင် မွန်ရိုးရာဆွမ်းတော်တစ်ထောင် လှူဒါန်းပူဇော်ပွဲဓလေ့အား အစဥ်အလာမပျက် ကျင်းပတင်လှူဒါန်းခဲ့ရာ ယမန်နေ့နံနက်(၄)နာရီမှစတင်၍ ပေါင်မြို့နယ် ကျိုက်ပေါင်းဆံတော်ရှင်စေတီတော်မြတ်နှင့် မြို့နယ်အတွင်းရှိ ဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားရှင်အား သင်္ဘောပေါ်၌ အသီးနှင့်လှူဖွယ်ပစ္စည်းအမျိုးအမည်တစ်ထောင်ကျော် တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မီးပွိုင့်(၁၀)ခုအား ပြုပြင်ခြင်းနှင့် ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းပြီးစီး
Sep 18,2024
စစ်ကိုင်းတိုင်းဒေသကြီး အစုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်စီစဥ်ပံ့ပိုးပေးမှုဖြင့် အမှတ်(၁၇)ယာဥ်ထိန်းဒုတပ်ဖွဲ့ခွဲ စစ်ကိုင်း၊ မြို့နယ်စည်ပင်နှင့်မြို့နယ်လျှပ်စစ်ဌာနတို့ ပူးပေါင်းပြီး မုံရွာမြို့ပေါ်အတွင်း သွားလာနေသော ပြည်သူများအတွက် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးကို အထူးအလေးထား၍ မီးပွိုင့်(၁၀)ခုအား ပြုပြင်ခြင်းနှင့် ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နေ့ချင်းပြီး စနစ်တကျတပ်ဆင်ဆောင်ရွက်နိုင်သောကြောင့် လမ်းအသုံးပြုဖြတ်ကူးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အလွယ်တကူသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်)ဆုချီးမြှင့်ပွဲနှင့…
Sep 18,2024
၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်)ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားကို စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ပြည်လမ်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သဘင်ဆောင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6827
Page
6828
Page
6829
Page
6830
Current page
6831
Page
6832
Page
6833
Page
6834
Page
6835
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department