အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်တွင် ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ တော်လပြည့်နေ့ ဆွမ်းတော်ကြီးတင်ကပ်လှူပူဇော်ပွဲကျင်းပပြုလုပ်ကြောင်း သိရသည်။
Sep 18,2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက သပြေကုန်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ပါသည်။
Sep 18,2024
ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအားအချိန်မီစိုက်ပျိုးနိုင်ရေးနှင့်စိုက်ဧက ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာရှိ တောင်သူ ဦးကျော်ဝင်း၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီး စိုက်ဧက(၄)ဧကတွင် မနောသုခ စပါးမျိုးအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ ပြန်လည်ကုစားမှု အခြေအနေများနှင့် မျိုးစပါး၊ သွင်းအားစုများထောက်ပံ့ပေးနေမှု အခြေအနေများ၊ သီးထပ်စိုက်ပျိုးနိုင်ရေးနှင့်အောင်ရေရရှိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ စိုက်ဧကများ ပြည့်မီစေရေး၊ အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကောက်စိုက်သမများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 18,2024
"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
Sep 18,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ၌ ဖြေဆိုအောင်မြင်ကြသူများအား တိလောကာရုံပရိယတ္တိ သာသနာ့နုဂ္ဂဟအသင်းမှ စာအောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်ခြင်း ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ ဂရုဓမ္မအခါတော်နေ့၊ တော်သလင်းလပြည့်နေ့၌ ခမောက်ကြီးမြို့၊ တိလောကာရုံစာသင်တိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Sep 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်များက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကဲမှုရုံးသို့ ယမန်နေ့မွန်းလွဲပိုင်းက ရေဘေးကယ်ဆယ်ရေးအလှူတော်ငွေကျပ်သိန်း (၁၁၀) ကျပ် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 18,2024
ကချင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။