Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တောင်တွင်းကြီးမြို့နယ် စိတ္တသုခလှုမှုကူညီရေးအသင်းမှ ရေဘေးသင့် ပြည်သူများအား ဆေးဝါး၊ အဝတ်အထည်ပစ္စည်းများ သွားရောက်လှူဒါန်းနိုင်ရေး ဆောင်ရွက်
Sep 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စိတ္တသုခလှုမှုကူညီရေးအသင်းကဦးဆောင်၍ မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ပြည်သူများအား လိုအပ်နေသည့် ဆေးဝါး၊ အဝတ်အထည်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းနိုင်ရန်အတွက် စက်တင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းမှစတင်၍ တောင်တွင်းကြီးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား လှည့်လည်အလှူခံခြင်း၊ မြို့နယ်စည်ပင်သာယာစျေးအနီးတွင်လည်း အလှူခံဌာန ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိုသစ်မြို့နယ်၌ “ကမ္ဘာ့အိုဇုန်းလွှာသိမ်းရေးနေ့” အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်ဟောပြောပွဲ ကျင်းပ
Sep 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ကမ္ဘာ့အိုဇုန်းလွှာသိမ်းရေးနေ့”အထိမ်းအမှတ်စာအုပ်ပြပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်အသိပညာပေးရှင်းလင်းပွဲ ကျင်းပ
Sep 18,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့ ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် အခမဲ့ ကုသပေး
Sep 18,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၆၀)နှင့်အထက် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်း အစီအစဉ်အဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများ စစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 18,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ကျင်းပ
Sep 18,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အ.မ.က (ကံသာယာ)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မန္တလာဆေးရုံဆေးကုသရေးအဖွဲ့တို့မှ ကျောက်ဆည်မြို့နယ်နှင့် မြစ်သားမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများရှိ…
Sep 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မန္တလာဆေးရုံ ဆေးကုသရေးအဖွဲ့တို့မှ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရေဘေးသင့်ကျေးရွာများသို့ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စာရင်း စစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်
Sep 18,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6830
Page
6831
Page
6832
Page
6833
Current page
6834
Page
6835
Page
6836
Page
6837
Page
6838
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department