Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကလောမြို့နယ်ရေဘေးသင့် ပြည်သူများအား ကမ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတ ညီနောင်များ ကွန်ရက်အဖွဲ့မှ ထောက်ပံ့လှူဒါန်းပွဲပြုလုပ်
Sep 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကလောမြို့ရပ်ကွက်(၃)ရှိ မဟာဆေးဝင်္ကဘာ ဘုန်းကြီးကျောင်းနှင့်ရပ်ကွက်(၁)ရှိ မဟာဓမ္မိကာရာမ သိမ်တောင်ပရိယတ္တိစာသင်တိုက် တို့တွင်ယာယီနေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအတွက် ကမ္ဘောဇ ဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ယက်အဖွဲ့မှ ထောက်ပံ့လှူဒါန်းပွဲပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) မှ ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူဒါန်း
Sep 26,2024
မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခံခဲ့ရသည့် ပြည်သူများအား စေတနာရှင်အလှူရှင်များက ကူညီထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ရေဘေးဒဏ်ခံခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) မှ ကျောက်ဆည် ခရိုင်အတွင်း ရေဘေးသင့်ခံခဲ့ရသည့်နေရာများသို့ ယမန်နေ့က ကိုယ်တိုင်သွားရောက် ကူညီထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ (၃၂၃၁၇) ဦးခန့် ပညာသင်ကြားလျက်ရှိ
Sep 26,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းသား/ကျောင်းသူ (၃၂၃၁၇) ဦးခန့် တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် တာဝန်ရှိသူများက သာစည်မြို့နယ်အတွင်းရှိ ဆင်တောင်ကျေးရွာနှင့် ခွေးရုပ်ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး
Sep 26,2024
မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ဆင်တောင်ကျေးရွာနှင့် ခွေးရုပ်ကျေးရွာများအတွင်း မြေပြိုကျမှု၊ ရေကြီးနစ်မြုပ်မှုများနှင့် လူနေအိမ်အချို့၊ လူသေဆုံးမှုအချို့ရှိကြောင်း သတင်းများ သိရှိရသဖြင့် မြေပြင်သတင်းအမှန်သိရှိစေရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်၊ ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးထွန်းဝင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြေယာများတွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲအဆောက်အဦများ ဆောက်လုပ်ပြီး နေထိုင်ခြင်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှို…
Sep 26,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြေယာများတွင် ခွင့်ပြုချက်မရှိဘဲ ကျူးလွန်ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲအဆောက်အဦများ ဆောက်လုပ်ပြီး နေထိုင်ခြင်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှတိုင်းဦးစီးမှူးနှင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း(၈) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ထေ…
Sep 26,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း၌ ဇော်ဂျီမြစ်၊ပန်းလောင်မြစ်နှင့် ဒုဌဝတီမြစ်ရေလျှံတက်မှုကြောင့် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် စာသင် ကျောင်း(၈)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ခံရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့်အဖွဲ့ဝင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းဟန်နှင့် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် စာသင်ကျောင်း (၈)ကျောင်းမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက် သင်တန်းပို့ချနေမှုအား ကြည့်ရှု
Sep 26,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းပို့ချနေမှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်၌ ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ချင…
Sep 26,2024
၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်ခေတ္တဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အုပ်ချုပ်သူနှင့် ယဉ်ကျေးမှုအဖွဲ့ ဝင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6736
Page
6737
Page
6738
Page
6739
Current page
6740
Page
6741
Page
6742
Page
6743
Page
6744
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department