Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ရွှေမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲပြုလုပ်
Oct 06,2024
၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီက ညောင်ရွှေမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြ…
Oct 06,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မြို့မ (၂) ရပ်ကွက်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကွင်းဆင်းကောက်ယူမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့ ထမ်းစမ်းသဘာဝလှိုဏ်ဂူတော် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် လှိုဏ်ဂူတော် ပြန်လည်ပြုပြင်နိုင်ရေး အလှူငွေ ပေးအပ်
Oct 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထမ်းစမ်းသဘာဝလှိုဏ်ဂူတော်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းမှ ရေပြည့်ရေလျှံခြင်း၊ ထမ်းစမ်းဂူ၏ ရှေ့မျက်နှာစာ၌ မဲနယ်တောင်တန်းမှ စီးဆင်းလာသော စငေါချောင်းမှ တောင်ကျရေများစီးဝင်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများအား သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်ဌာနဆိုင်ရာများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်/ ကျေးရွာများအတွင်း ရေနစ်မြုပ်ခဲ့သောရေတွင်း၊ ရေကန်နှင့် အဝီစိတွင်းများကို ဒုတိယအကြိမ် ကလိုရင်းဆေးခတ်ပေး
Oct 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်/ကျေးရွာများအတွင်း ရေမြုပ်ခဲ့သော ရေတွင်းရေကန်များနှင့် အဝီစိတွင်းများကို တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ် ကလိုရင်းဆေးခတ်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် ဆရာကြီး၊ ဆရာမကြီးများအားပူဇော်ကန်တော့ပွဲကျင်းပ
Oct 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အ.ထ.က (မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား မူလစံကျောင်းတော်၌ ဒေသစာရီကြွချီပူဇော်ခံဌာနမှ ဒေသခံများ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ လာရောက်ကပ်လှူပူဇော်
Oct 06,2024
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် အစဉ်အလာအရ နှစ်စဉ်သီတင်းကျွတ်လဆန်း(၁)ရက်နေ့မှစတင်၍ မူလကျောင်းတော်မှ အင်းလေးကန်ဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံရာ ယခုနှစ်တွင် ညောင်ရွှေမြို့နှင့် အင်းလေး ဒေသအတွင်းရေကြီးရေလျှံမှု ဖြစ်ပေါ်နေသဖြင့် ဒေသစာရီကြွချီပူဇော်ခံပွဲ ကျင်းပပြုလုပ်နိုင်ခြင်းမရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တရားရုံးများသို့ အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သော သက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်းများမှ တင်ပြရာတွင် လိုက်နာရမည့်အ…
Oct 06,2024
တရားရုံးများသို့ အကြောင်းအမျိုးမျိုးကြောင့် မတင်ပို့နိုင်သော သက်သေခံပစ္စည်းများအား အစီရင်ခံစာဖြင့် တရားစွဲအဖွဲ့အစည်းများမှ တင်ပြရာတွင် လိုက်နာရမည့်အချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ရေဘေးသင့်ပြည်သူများအား နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Oct 06,2024
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်၊ တောင်ငူမြို့၊ သဖန်းပင်ကျေးရွာအုပ်စု၊ဇီးဖြူပင်ရွာ၊ ဇီးဖြူပင်ကျောင်း သာသနာ့ရိပ်သာ၌ ယမန်နေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ပြည်သူ့ဆေးရုံကြီး(တောင်ငူ)မှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6733
Page
6734
Page
6735
Page
6736
Current page
6737
Page
6738
Page
6739
Page
6740
Page
6741
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department