အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူခြင်းလုပ်ငန်းကို  မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ  ၁  ရက်မှ   စတင်စာရင်းကောက်ယူလျက်ရှိသကဲ့သို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် အောက်တိုဘာ၁၄ရက်နေ့ထိ ကောက်ယူပြီးစီးသည့် စာရင်းကောက်ကွက်ပေါင်း ၁၅၉ ကွက်ရှိကြောင်း သိရသည်။
Oct 15,2024
ကြံခင်းမြို့နယ်အသင်း (ရန်ကုန်) မှ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ မြတ်ဒါနစေတနာ (အခမဲ့) ဆေးခန်းအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လည်ပိုင်းက အဆိုပါ ဆေးခန်း၌ ကျင်းပခဲ့သည်။
Oct 15,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ(နေကြာ)အထွက်နှုန်း တိုးတက်စေရေး ပညာပေးရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Oct 15,2024
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး အစီအစဉ်အဖြစ် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက အင်တောကျေးရွာအုပ်စု၊ အင်တောကျေးရွာကွင်းရှိ ကွင်းအမှတ်(၂၁၀၄)၊ တောင်သူ ဦးရဲမြင့်၏ ယာမြေ(၃.၀၀) ဧကပေါ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 15,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄ ခုနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို  ယနေ့နံနက် ၉ နာရီကစတင်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
Oct 15,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ငရုတ်သီးစိမ်း စျေးကောင်းရ၍ ငရုတ်စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Oct 15,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ (၁၄) ရက်နေ့အထိ ကောက်ယူ ပြီးစီးမှု အိမ်ထောင်စုပေါင်း (၄၆၉၃၇)စုအား အောင်မြင်စွာကောက်ယူပြီးစီးဖြစ်ကြောင်း သိရသည်။
Oct 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိရာ ၉၂ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။