အမြို့မြို့အနယ်နယ်သတင်းများ

Oct 18,2024
ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရဘဒ္ဒန္တကဝိဓဇ အမှူးပြုသော ဆရာတော်၊သံဃာတော်များသည် ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဘားအံမြို့ မဲဘောင်ကျောင်းတိုက်၌ သံဃပဝါရဏာပြုတော်မူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှဦးစီး၍ သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူခဲ့ကြသည်။
Oct 18,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာအုပ်စု၊ မင်းလမ်း (မြန်မာ) ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ (၇၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျိုက်လတ်မြို့နယ်အတွင်း ဝါတွင်းသုံးလ အရုဏ်ဆွမ်းလောင်းလှူမှု အောင်ပွဲအနေဖြင့် ဝါကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယနေ့နေ့လယ်ပိုင်းက (၂) ဖြတ်လမ်းရှိ ရပ်တော်မူ မြတ်စွာဘုရားကြီးစုရပ်မှ စတင်ကျင်းပခဲ့သည်။
Oct 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ တာဝတိံသာမြတ်စွာ ဘုရားကြီး (၁၃၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားဆင်းပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့  နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Oct 18,2024
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် (၇၇) ကြိမ်မြာက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအား မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် အောက်တိုဘာလ ၁၈ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။
Oct 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Oct 18,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သဲကုန်းမြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ(၁)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။