Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြံခင်းမြို့နယ် ကမ္ဘာလုံးကျောင်းတိုက်အတွင်း (၂၆) ကြိမ်မြောက်၊ စတုဒိတာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ဖျော်ဖြေပွဲ ကျင်းပ
Oct 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကမ္ဘာလုံးရိပ်သာကျောင်းတိုက်ဆရာတော် သာသနာဓဇဓမ္မာစရိယ၊ အသောကာရာမိကသာသနပါလဓမ္မာစရိယ အရှင်တေဇာနန္ဒ ဦးစီးကျင်းပသော (၂၆) ကြိမ်မြောက်၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းနှင့် မြန်မာ့ရိုးရာခြင်းအလှခတ်ဖျော်ဖြေပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါကျောင်းတိုက်အတွင်း ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ပျက်စီးသွားတံတားတစ်စင်းအား ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင် ဆောင်ရွက်
Oct 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လဆန်းပိုင်းက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်းနေအိမ်အချို့တွင် ရေများဝင်ရောက်ခဲ့ရာ ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရပြီး ကွန်ကျိုင်းရပ်ကွက်နှင့် ကွန်ဆင်ကျေးရွာ ဆက်သွယ်ထားသော တံတားသည်လည်း ရေထဲမျောပါခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ကွန်ကျိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဝါကျွတ်ကန်တော့ပွဲများ ကျင်းပ
Oct 20,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများအားလုံးကို ရပ်ကွက်/ ကျေးရွာများမှ စုပေါင်း၍ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ စတင်ပြီး သီတင်းကျွတ်လကွယ်နေ့အထိ တစ်ကျောင်းပြီးတစ်ကျောင်း ရပ်ကွက်/ ကျေးရွာများအလိုက် ဘုန်းကြီးကျောင်းများအား လိုက်လံကန်တော့သည့် အစဉ်အလာသည် ယနေ့အထိ ရှမ်းရိုးရာဓလေ့မပျက် လှည့်လည်ကန်တော့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့်သစ်ပင်များကို အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်
Oct 20,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ယမန်နေ့ညပိုင်းတွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် အမှတ် (၃) ရပ်ကွက် ကွက်သစ်ပိုင်းနှင့် အမှတ် (၁) ရပ်ကွက်၊ ကြာတောလမ်းတို့တွင် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်း ရေပြည်လည်ကျဆင်းသွားသည့် ဘုန်းတော်ကြီးကျောင်း၊ ဈေး၊ စာသင်ကျောင်းများနှင့် ရပ်ကွက်မျာ…
Oct 20,2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေများပြန်လည် ကျဆင်းခဲ့သည့်အတွက် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် တပ်မတော်သားများနှင့်မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ပြည်သူများက အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး၊ သီတင်းကျွတ်လပြည့်ကျော် (၁) ရက် အမ…
Oct 20,2024
ကချင်ပြည်နယ်အတွင်းရှိ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေ စသည့် ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ၂၀၂၄ ခုနှစ်၊ တတိယအကြိမ်မြောက် ရှမ်းမျိုးနွယ်စုများ ဖိတ်ခေါ်ဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ နောင်ရာဖူဆယ်ကလပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် Light For All Nations Ministry မှ ဖွင့်လှစ်သော Arise New Generations October Children Camp သင်တန်းဆင်းပွဲနှင့် မြစ်ကြီးနားက…
Oct 20,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်အတွင်းရှိ Light For All Nations Ministry မှ ဖွင့်လှစ်သော “Arise New Generations” October Children Camp သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်၌ စင်တင်စိုက်ပျိုးထားသည့် ခဝဲသီးများ အောင်မြင်ဖြစ်ထွန်း
Oct 20,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ကျေးလက်နေပြည်သူများ မိမိတို့၏ လယ်မြေ၊ ယာမြေနှင့် ဥယျာဉ်ခြံများ၌ ခဝဲပင်များကို တိုင်ထောင်စင်တင်စနစ်ဖြင့် တိုးချဲ့စိုက်ပျိုးခဲ့ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ခဝဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6698
Page
6699
Page
6700
Page
6701
Current page
6702
Page
6703
Page
6704
Page
6705
Page
6706
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department