အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား အပတ်စဉ် သောကြာနေ့ ကျ​န်းမာရေး စောင့်ရှောက်ပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီမှ (၁၂)နာရီထိ အပတ်စဥ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2024
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသော ကလေးများကျောင်း (ရန်ကုန်) မှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ အဆိုပါ နားမကြားသော ကလေးများကျောင်း(ရန်ကုန်) စုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2024
ဧရာတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှေ့ကွင်းပြင်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Nov 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်လှစန်းအေးက အဖွင့်အမှာစကား ပြောကြားသည်။
Nov 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူမှောင်ခို၊ လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်၁၀ နာရီအချိန်က အ.ထ.က(၂) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 23,2024
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ Polytechnic University (Maubin)(မအူပင်) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ကျောင်းအဝင်မုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Nov 23,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ယခုနှစ် ဆောင်းနေကြာ  ၃၂၇၀၀၀ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် ‌ အောက်တို ဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆောင်းနေကြာ ၁၂၀၂၃၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။