အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအောင်မင်းနှင့် ဒုတိယပညာရေးမှူး ဆရာကြီး ဦးထွန်းနေအောင်တို့က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းပန်) ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Nov 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ လူငယ်များ အသိပညာ၊ အတွေးအခေါ်များ ပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
Nov 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိန်ကျေးရွာ ရေလိန်-မဲဇလီ ကျေးရွာခြင်းဆက်လမ်းဘေး၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးနှင့် နေကြာစိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ‌ဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ သိရှိစေရေးအတွက် ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး​ဟောပြော​ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.ထက (၁) ကျောင်း၊ ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 23,2024
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း အမှတ် (၄) တွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Communitty Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2024
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းရှိ၊ တကောင်းသစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။