Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလားဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြ…
Nov 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာရုံးအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား/သူများ ချစ်ကြည်ရင်းနှီးမှုများရရှိပြီး လုပ်ငန်းခွင်အတွင်း ကျန်းမာသန်စွမ်းကာစိတ်ပျော်ရွှင်စွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများအား မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ရှိ သက်မှတ်အားကစားရုံများတွင် နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ အားကစားနည်း ၁၁ မျိုးအား ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ယှဉ်ပြိုင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Nov 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၂း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးတွင် ဆောင်းသီးနှံနေကြာမျိုးစေ့ ပေးအပ်ပွဲ ကျင်းပ
Nov 27,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သော တောင်သူများအား ဆောင်းသီးနှံနေကြာမျိုးစေ့များနှင့် ပိုက်ဆံလျှော်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်က မကျီးကန်ကျေးရွာတောင်သူ ဒေါ်သန်းသန်းဦး၏ လယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Nov 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ထိုးနှံပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့ ဗိုလ်ချုပ်လမ်းမကြီး လမ်းဘေးတစ်လျှောက်ဈေးသည်များ စည်းကမ်းချက်နှင့်အညီ နေရာသတ်မှတ်ပေးပြီး (Mobile System)ဖြင့် ရောင်းချခွင့်ပြု
Nov 27,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ ဗိုလ်ချုပ်လမ်းမကြီးရှိ ကမ္ဘောဇဘဏ်လမ်းဆုံမှ စစ်ကဲဘုရားလမ်းအထိ လမ်းဘေး (ဝဲ၊ယာ) တစ်လျှောက် ဈေးရောင်းချလိုသူ(၃၇)အား ယမန်နေ့ မွန်းလွဲပိုင်းက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနိုင်ရန်အတွက် ရောင်းချခွင့်ပြုခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ကမ်းထိန်းတမံ၊ ရေလျှံတားနံရံနှင့် ရေထိန်းတံခါးများ စတင်တည်ဆောက်နိုင်ရေး အက…
Nov 27,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုနှစ်ဇွန်လ ၃၁ ရက်နှင့် ဇူလိုင် ၁ ရက်နေ့များတွင် ဧရာဝတီမြစ်ရေစံချိန်တင် မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ဖြင့် မြို့ဧရိယာအားလုံးနီးပါး ရေကြီးနစ်မြှုပ်ခဲ့သောကြောင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ်ရေ အမြင့်ဆုံး စံချိန်တင်ကြီးမြင့်ခဲ့သည့် ရေအမှတ်အားအခြေခံ၍ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ကမ်းထိန်းတမံ၊ ရေလျှံတားတမံများနှင့် အဓိကရေဝင်ပေါက်များတွင် ရေထိန်းတံခါးများ စတင်တည်ဆောက်နိုင်ရေးအတွက် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက ဧရာဝတီမြစ်ကမ်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်
Nov 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွင် ၂၀၂၄ ခုနှစ်၊ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်အတွင်းဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားများနှင့် အခြေခံပျားမွေးမြူရေးပညာပေးသင်တန်း ဖွင့်ပွဲအခမ…
Nov 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မိုးကုတ်ကျေးရွာအုပ်စု၊ ဆင်ဂေါင်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကာ ကွန်ကရစ်ဘီးလမ်းသစ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6572
Page
6573
Page
6574
Page
6575
Current page
6576
Page
6577
Page
6578
Page
6579
Page
6580
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department