အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊  ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်က (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Nov 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ  အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပသည်။
Nov 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ပြည်နယ်အဆင့် (၁၀၄)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
Nov 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက်  ၈ နာရီက အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး) အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
Nov 25,2024
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာကျရောက်မည့် (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမအတွင်း နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အ.ထ.က၊ နတ်တလင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2024
ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်အနေဖြင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း (ဘောဂဝတီ)  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Nov 25,2024
အမျိုးသားရေးစိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ ဖြစ်ထွန်းစေခဲ့ပြီး ပြည်သူလူထုကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော (၁၀၄)နှစ်ရှိခဲ့ပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။