အမြို့မြို့အနယ်နယ်သတင်းများ

Dec 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ ကျွန်းပုလုကျေးရွာရှိ အ.လ.က(ခွဲ)ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပ​သော စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ​ကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၌ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများ၏ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၀၉:၃၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘိုရာဇာခန်းမတွင် ကျင်းပခဲ့သည်။
Dec 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာတွင် သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်မှဦးဆောင်၍ ကွင်း/ ကွက်အမှတ် (၁၁၆၈/ခ)၊ ဦးပိုင်အမှတ် (၁၄/၅)၌ ရေးဆင်းစပ်မျိုး (၁)နေကြာစံပြကွက်(၅)ဧက စိုက်ပျိုးပွဲကို တောင်သူဦးမြင့်ဇော်လယ်မြေ၌ ယမန်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်သည်။
Dec 07,2024
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 သင်ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ယင်းမာခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
Dec 07,2024
တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။
Dec 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ဒီဇင်ဘာအားကစားလပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ယနေ့နံနက်(၀၆:၁၅)နာရီအချိန် လဟယ်မြို့ရွှေပြည်သာအားကစားကွင်းမှစတင်၍ တာလံရပ်ကွက်၊ မြို့မရပ်ကွက်ဗီးကူလမ်းအတိုင်းချီတက်ကာ ရွှေပြည်သာအားစကားကွင်း၌ စုရပ်ပြုလုပ်ပြီး ကိုယ်လက်ကျန်းမာကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်းများဆောင်ရွက်ကြပါသည်။
Dec 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့အောင်သီရိစျေး၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။