Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စလင်းမြို့နယ်၌ ရေဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများထောက်ပံ့ပေးအပ်
Dec 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တလင်းကြီးကုန်းကျေးရွာမှ ရိုးကုန်းကျေးရွာ၊ ပေါက်လေးပင်ကျေးရွာအုပ်စု(၃)အုပ်စုတို့မှ ကျေးလက်နေပြည်သူများအတွက် လူသားချင်းစာနာမှုအစီအစဥ်ဖြင့် မိုခါရေဘေးသင့်ပြည်သူများအား မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စလင်းမြို့ကြက်ခြေနီအသင်းခွဲငယ်မှ ထောက်ပံ့ပစ္စည်းများထောက်ပံခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျေးရွာအုပ်စု(၃)အုပ်စုမှ ကျေးလက်နေပြည်သူအိမ်ထောင်စုများအား စလင်းမြို့နယ်ကြက်ခြေနီအသင်းမှ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ…
Dec 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး သင်တောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် ကူမဲမြို့အ.ထ.ကကျောင်းတွင် ရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 07,2024
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကူမဲအခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မြစ်သားမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့ "မြို့မစာကြည့်တိုက်" (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်
Dec 07,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ "မြို့မစာကြည့်တိုက်" ၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားနှင့် အလှူရှင်ဂုဏ်ပြုပွဲ၊ စာအုပ်လှူဒါန်းပွဲ၊ မြန်မာစာပေထူးချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းလုပ်ငန…
Dec 07,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅)အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်ေမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီး ရေလာ ကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆ…
Dec 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်၊ အမျိုးသား အားကစားအဆင့်အတန်းမြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများကို ပိုမို ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့မှစတင်၍ မြို့မဈေး-နောင်ဘိုကန်ပတ်လမ်းအတိုင်း ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် ကျောက်တိုင်ကွင်းအထိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နဝဂြဟ်(ဂြိုလ် ၉ဆူ) ဘုရားကျောင်းဆောင် မဟာကုမ္ဘာဘိသျှေဂမ်(ခ) သိဒ္ဓိတင်မင်္ဂလာရေစင်သွန်းလောင်းပွဲတက်ရောက်
Dec 07,2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့ပတ်လမ်းတွင် တည်ထားကိုးကွယ်လျက်ရှိသော နဝဂြဟ်(ဂြိုလ် ၉ဆူ) ဘုရားကျောင်းဆောင် မဟာကုမ္ဘာဘိသျှေဂမ်(ခ) သိဒ္ဓိတင်မင်္ဂလာရေစင်သွန်းလောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဟိန္ဒူကျောင်း ဂေါပကအဖွဲ့ဝင်များမှ ကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ၂၀၂၄ခုနစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 07,2024
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရနfရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့နံနက် (၅)နာရီအချိန်က ၂၀၂၄ခုနစ် ဒီဇင်ဘာအားကစားလ (ပထမပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6487
Page
6488
Page
6489
Page
6490
Current page
6491
Page
6492
Page
6493
Page
6494
Page
6495
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department