အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2024
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့် ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ စာမေးပွဲများအား (၆) လတစ်ကြိမ် နယ်စာစစ်ဌာနများအလိုက် ကျင်းပ ဆောင်ရွက်လျက်ရှိရာ ယခုလဇွန်(၂၉)ရက်နေ့တွင် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲအား ဧရာဝတီစာဖြေဌာန (၆) စာစစ်ဌာနအဖြစ် ဖျာပုံမြို့နယ်၊ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက် ကျင်းပသွားမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်မှ လူပုဂ္ဂိုလ် (၁၀၀) ကျော် ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။
Jun 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွဂ် ၂၀၂၄ ခုနှစ် မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တောင်ကြီးမှ လွိုင်လင်မြို့အဝဂ် တိုးဂိတ်အနီးတွင်ကျင်းပရာ လွိုင်လင်တပ်နယ်မှုး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်၍ ပြည်သူလူထုနှင့်အတူ သစ်ပင်စိုက်ပျိုးပေးပါသည်။
Jun 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊ မွေးမြူရေး အထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က မူးယစ်ဆေးဝါး အလွဲသုံးမှုပပျောက်တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။
Jun 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကျန်းမာရေးဦးစီးဌာနမှ အဘိတ် (Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ရွှေသောင်ယံမြို့ အမှတ် (၁) ရပ်ကွက်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
Jun 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန့်နေ့နံနက် ၉ နာရီခွဲက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရာ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Jun 25,2024
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဦးစီးချုပ် (အရှေ့တောင်တိုင်းစစ်ဌာနချုပ်)၊ သံဖြူဇရပ်တပ်နယ််၊ တပ်နယ်မှူးနှင့်အရာရှိများ၊ သံဖြူဇရပ််မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။
Jun 25,2024
နတ်တလင်းမြို့၌ ဒေသတွင်းကုန်စျေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊​ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ သားသတ်လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။