မင်းတုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

မင်းတုန်း ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန့်နေ့နံနက် ၉ နာရီခွဲက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရာ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းက အဖွင်အမှာစကားပြောကြားရာ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးကို စမ်းသမ်းသုံးစွဲခြင်းလုံးဝမပြုလုပ်ကြရန်နှင့် မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲဆိုးကျိုးများ ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မင်းတုန်းမြို့မရဲစခန်းမှ ဒုတိယရဲအုပ်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေတွင် ပြဌာန်းထားသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ လက်ဝယ်တွေ့ရှိပါက ပမာဏအလိုက် ပြစ်မှုပြစ်ဒဏ်များ ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)