Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လားရှိုးမြို့ ရွှေဧရာကိုယ်ပိုင်အထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြ…
Jun 25,2024
နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ်လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေအသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက လားရှိုးမြို့ ရွှေဧရာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံစာစစ်ဌာနတွင် ကျင်းပမည့် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲသို့ ဘိုကလေးမြို့နယ်မှ လူပုဂ္ဂိုလ် (၁၀၀) ကျော် ဝင်ရောက်ဖြေဆိုမည်
Jun 25,2024
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၊ ပါမောက္ခချုပ်၊ ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့် ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ စာမေးပွဲများအား (၆) လတစ်ကြိမ် နယ်စာစစ်ဌာနများအလိုက် ကျင်းပ ဆောင်ရွက်လျက်ရှိရာ ယခုလဇွန်(၂၉)ရက်နေ့တွင် သုတဓမ္မဒီပလိုမာ (Level-1) စာမေးပွဲအား ဧရာဝတီစာဖြေဌာန (၆) စာစစ်ဌာနအဖြစ် ဖျာပုံမြို့နယ်၊ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက် ကျင်းပသွားမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်မှ လူပုဂ္ဂိုလ် (၁၀၀) ကျော် ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့တွင် ၂၀၂၄ ခုနှစ် လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွဂ် ၂၀၂၄ ခုနှစ် မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက တောင်ကြီးမှ လွိုင်လင်မြို့အဝဂ် တိုးဂိတ်အနီးတွင်ကျင်းပရာ လွိုင်လင်တပ်နယ်မှုး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်၍ ပြည်သူလူထုနှင့်အတူ သစ်ပင်စိုက်ပျိုးပေးပါသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှု ပပျောက်တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Jun 25,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိူး၊ မွေးမြူရေး အထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က မူးယစ်ဆေးဝါး အလွဲသုံးမှုပပျောက်တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ လက်ကမ်းစာစောင်၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်…
Jun 25,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က စက်စက်ယိုကျေးရွာ (အ.မ.က - မူလွန်) ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာဖတ်ဝိုင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများ လိုက်လံဆောင်ရွက်
Jun 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကျန်းမာရေးဦးစီးဌာနမှ အဘိတ် (Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ရွှေသောင်ယံမြို့ အမှတ် (၁) ရပ်ကွက်အတွင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ
Jun 25,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန့်နေ့နံနက် ၉ နာရီခွဲက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရာ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ပြည်သူ့စစ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနာ…
Jun 25,2024
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ သင်တန်းဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဦးစီးချုပ် (အရှေ့တောင်တိုင်းစစ်ဌာနချုပ်)၊ သံဖြူဇရပ်တပ်နယ််၊ တပ်နယ်မှူးနှင့်အရာရှိများ၊ သံဖြူဇရပ််မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4736
Page
4737
Page
4738
Page
4739
Current page
4740
Page
4741
Page
4742
Page
4743
Page
4744
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department