အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2024
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ရာနှုန်းပြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် လွိုင်ကော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဝန်ထမ်းအိမ်ရာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Jun 23,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသတွင်း အပူချိန် လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ် (၁၅) ရပ်ကွက် ချင်တောင်မတောင်၌  ချင်တောင်မ တောင်ဆရာတော် အမှူးထား၍ ရန်ကုန်မြို့ ရာသက်ပန်ကုမ္ပဏီမှ သစ်ပင်(၅၀၀၀)ပင် ပေးအပ်လှူဒါန်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။   
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍  နဝမအကြိမ်မြောက် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက ကျုံကနန်ကျေးရွာအုပ်စု၊ ကျုံကနန်ချောင်းဝကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကလေးမြို့ ဘိုးဘွားရိပ်သာကော်မတီဝင်များ၊ ဘိုးဘွားများနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
Jun 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဗိုလ်တထောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးပြုစုနည်းပညာ(အခြေခံအဆင့်) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို ဇွန်လ၂၂ရက်၊ ၂၃ရက်နှင့် ၂၉ရက်နေ့  ၃ရက်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ကာ မြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်၊ ဇီးမော်၌ အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာ မောင်ကျေးဇူး ရေးသားသော "လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်" စာအုပ်ဖြင့် ယနေ့  မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။