Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြောင်းမြမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jul 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ကညင်ချောင်းဖျားအနောက် “ရတနာအောင်” စာကြည့်တိုက်တွင် ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ် စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲ များနှင့်ပြိုင်ပွဲများကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် စွမ်းအင်ခြိုးခြံချွေတာခြင်းနှင့် စွမ်းအင်စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအန…
Jul 30,2024
မကွေးတိုင်းဒေသကြီးအတွင်းထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရောင်းဝယ်မှုလုပ်ငန်းများအတွက် စွမ်းအင်ကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရန်နှင့် ကုန်ကျစရိတ်လျှော့ချပြီး စီးပွားရေး အကျိုးအမြတ်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ စွမ်းအင်ခြိုးခြံချွေတာခြင်းနှင့် စွမ်းအင်စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နရီက မကွေးမြို့၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Jul 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို နမ့်တိန်းကျေးရွာအုပ်စု၊ ကုန်းကတ်ကျေးရွာခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးပြီး
Jul 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်ကာ ပန်းတောကျေးရွာအုပ်စု တောင်သူ (၂၆၈) ဦးအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးစပါးစိုက်ပျိုးရာသီတွင် စပါး(၆၄၁၁၂) ဧက လျာထားစိုက်ပျိုး
Jul 30,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါး (၆၄၁၁၂)ဧက လျာထားစိုက်ပျိုးရာ ယနေ့အထိ(၂၃၂၁၅)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ ရေပြည့်အမှတ်ထက် ရေပိုလွှဲမှ ရေကျော်ကျနေမှု ပြန်လည်ကျဆင်းလာ
Jul 30,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသည် ယနေ့နံနက် ၁၁ နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ် ၆၂၅ ပေ အထက် ရေပိုလွှဲမှ ရေကျော်ကျနေမှု ပြန်လည်လျော့နည်းကျဆင်းလာကာ လက်ရှိတွင် ရေပိုလွှဲမှ ၁.၉ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ဆန်နှင့် စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချ
Jul 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြည်သူများ သက်သာချောင်ချိရေးအတွက် ရည်ရွယ်၍ ဆန်စက်ပိုင်ရှင်များ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရပ်ကွက်စာရေးတို့ပူးပေါင်း၍ စုရပ်သတ်မှတ်နေရာအသီးသီး၌ ယနေ့နံနက်ပိုင်းမှစ၍ စားသုံးဆီများနှင့် ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာထောက်ပံ့ပေးအပ်
Jul 30,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4397
Page
4398
Page
4399
Page
4400
Current page
4401
Page
4402
Page
4403
Page
4404
Page
4405
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department