Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်ဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲ ကျင်းပ
Jul 30,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား စာအုပ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုများနှင့်အတူ လိုအပ်ချက်များ ဆောင်ရွက်
Jul 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ရေဘေးရှောင်ကူညီကယ်ဆယ်ရေးစခန်းများ၌ ယာယီရွှေ့ပြောင်းနေထိုင်ကြသည့် ရေဘေးရှောင်ပြည်သူများအား ဇူလိုင်လ ၁၀ ရက်က စတင်ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်အတွင်း မြစ်ရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း (၂၀) ယာယီပိတ်ထားရ
Jul 30,2024
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၌ ဇူလိုင်လ ပထမပတ်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ တနင်္သာရီမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း (၂၀) ကို ယာယီပိတ်ထားရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ ရေဘေးရှောင်ပြည်သူများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သူများအား ထောက်ပံ့ပေးအပ်
Jul 30,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သူများအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ့ ၄ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်းမှ ရေဘေးသင့်အိမ်ထောင်စုများအား တစ်ကိုယ်ရည်သုံး ပစ္စည်းပုံးနှင့် သောက်ရေသန့်ဘူးများ လိုက်လံထောက်ပံ့ပေးခြင်း
Jul 30,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်အောင် ဦးဆောင်သည့် မြို့နယ်ကြက်ခြေနီတက်ဖွဲ့ဝင် အမျိုးသား(၉)ဦးနှင့် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အဖွဲသည် တနင်္သာရီမြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေထိုင်နေကြသည့် အိမ်ထောင်စုများအတွက် ယမန်နေ့က ဝမ်းရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အထောက်အကူဖြစ်စေရန်အတွက် တစ်ကိုယ်ရည်သုံးပစ္စည်းပုံး တစ်ပုံးစီနှင့် (၂၀)လီတာဝင် သောက်ရေသန့်ဘူး တစ်ဘူးစီတို့ကို လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
Jul 30,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေတတ်ပြီး မြစ်လက်တတ်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ခံရသည်အိမ်ထောင်စုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဥပဒေဌာနတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့နယ် အ.ထ.က(၁)ကျောင်း၌ ပန်းခင်းစီမံချက်(၃) အစီအစဉ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Jul 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်(၃) အစီအစဉ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစတင်ကာ အဆိုပါကျောင်း ရာပြည့်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4395
Page
4396
Page
4397
Page
4398
Current page
4399
Page
4400
Page
4401
Page
4402
Page
4403
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department