အမြို့မြို့အနယ်နယ်သတင်းများ

Jul 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့တွင် သင်တန်းဆင်းအတွေ့အကြုံရှင်းလင်းပွဲနှင့် (၇/၂၀၂၄)လ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Jul 30,2024
နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။
Jul 30,2024
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဟောင်သရောမြစ်ရေ လျှံတက်လာမှုကြောင့် ရေဘေးရှောင် အိမ်ထောင်စုများအတွက် ကော့ကရိတ်မြို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆန်နှင့် စားသုံးဆီများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 30,2024
ဧရာဝတီမြစ်ရေကျဆင်းချိန် မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၊ မြန်အောင် တာမိုင် ၆/၃ နှင့် ၆/၄ အကြား၌ ယမန်နေ့က အလျား ပေ ၁၀၀ ခန့် အနံ ၃ ပေခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jul 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးကြစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကြီးမှူးကျင်းပသော လူငယ်နှင့်မူးယစ်ဆေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က မိုးကောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 30,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု မိုင်းဟန်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
Jul 30,2024
သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ကျောက်မီး) ပန်းမြိုင်လယ်ခန်းမတွင် ကျင်းပသည်။
Jul 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု၊ လုံစံကျေးရွာရှိ ရေဆင်းစပ်မျိုး (၁)နေကြာ မျိုးစေ့ထုတ်စိုက်ခင်း ၅ ဧက‌ နေရာ၌ မျိုးကွဲနုတ်ပယ်ခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။