Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်ချောင်းမြို့နယ်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်း(ပညာရတနာခန်းမ)၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Aug 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်း၍ ထားဝယ် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ မိုးနဲမြို့နယ် ဟော်နန်းနှင့် လမ်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Aug 17,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သောအဖွဲ့သည် နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်သို့ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မိုးနဲ ဟော်နန်းသို့ရောက်ရှိပြီး မြို့နယ်သမဝါယမ အစည်းအဝေးခန်းမနေရာ၌ ဟောနန်းနှင့်ဆက်စပ်သော ဌာနဆိုင်ရာများ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးစိုင်းမောင်ကြီးနှင့် မြို့မိ၊ မြို့ဖ ဦးစိုင်းမျိုးသန့်တို့က ဟောနန်းတည်ရှိမှုနှင့် သမိုင်းကြောင်းကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ရှေးဟောင်းအဆောက်အဦဖြစ်သည့်အတွက် တာဝန်ရှိသူများက ဆက်လက်ထိန်းသိမ်းပေးကြရန်နှင့် ပျက်ဆီးနေသော အပိုင်းများကို ပြည်လည်ပြုပြင် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဟော်ဝင်းအတွင်းရှိ မိုးနဲဟော်၊ မာလိန်တိုင်နှင့် ကြေးနွားရုပ်တို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်
Aug 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာအုပ်စု၊ ကျုံစုတ်ကျေးရွာတွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျုံစုတ် ကျေးရွာဘုရားကြီး ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ ရန်ကြီးအောင်ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်…
Aug 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ ရန်ကြီးအောင်ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်
Aug 17,2024
ကျောင်းသားလူငယ်လေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေလေ့လာ လိုက်စားခြင်းအလေ့အထကောင်းများ ရရှိလာစေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အထကောင်းများ ရရှိ လာရေန်အတွက် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ
Aug 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း(ရုပ်တီ)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4353
Page
4354
Page
4355
Page
4356
Current page
4357
Page
4358
Page
4359
Page
4360
Page
4361
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department