ဓနုဖြူမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

ဓနုဖြူ သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ယာဥ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ရဲတပ်ကြပ် လှမျိုးအောင်က ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဌေးက ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်အား  ရှင်းလင်းဟောပြောခဲ့ပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)