အမြို့မြို့အနယ်နယ်သတင်းများ

Aug 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ခလရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Aug 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ကအဆိုပါအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန်အတွက် ယနေ့နံနက်ပိုင်းက နမ့်ခင်းအုပ်စု၊ ပန်းပဲကျေးရွာသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြေမြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 16,2024
နိုင်ငံ၏ဖွံ ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ထားဝယ်ခရိုင်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာ ထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
Aug 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ၊ရသစာအုပ်စာစောင်များ အခမဲ့ငှားရမ်းဆောင်ရွက်ပေးခြင်းကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 16,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ဩဂုတ်လ (၁၅) ရက်နေ့က ကွမ်သဲကျေးရွာ (အ.ထ.က) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Aug 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရွှေရေးဆောင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ဒု-ဥက္ကဋ္ဌ)၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ အဘိဓမ္မာပါဠိပါရဂူ ဘဒ္ဒန္တ သံဝရာဘိဝံသမဟာထေရ်၊ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲကို (၃)ရက်တိုင်စီရင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Aug 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်းဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ၌ ဆောင်ရွက်ခဲ့ကြသည်။