Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သာပေါင်းမြို့နယ်တွင် ရွေရောင်မော်ကွန်း(ကိုယ်ပိုင်အထက်တန်းကျောင်း)၌ လူငယ်စကားဝိုင်း၊ လူငယ်ရေးရာဟောပြောပွဲ၊ ဥာဏ်စမ်းပြိုင်ပွဲများကျင်းပ
Aug 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်စကားဝိုင်း၊ လူငယ်ရေးရာဟောပြောပွဲ၊ ဥာဏ်စမ်းပြိုင်ပွဲများကို လှေကြီးတတ် ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာ၊ ရွေရောင်မော်ကွန်း(ကိုယ်ပိုင်အထက်တန်းကျောင်း)မော်ကွန်းခန်းမ၌ ယနေ့ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲပြုလုပ်
Aug 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ပိတ်ထားသည့်ကျောင်းများမှ စာသင်ကျောင်း ၁၀ ကျောင်းပြန်လည်ဖွင့်လှစ်
Aug 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒါးကချောင်းရေဝင်ရောက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားခဲ့ရာ ယခုအခါ ရေပြန်လည် ကျဆင်းလာသောကြောင့် စာသင်ကျောင်းများ စိစစ်ဖွင့်လှစ်ပေးလျက်ရှိပြီး၊ ယနေ့စာသင်ကျောင်း ၁၀ ကျောင်း ထပ်မံ၍ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်
Aug 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ဘဝသစ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကွင်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိညာပေး ဟောပြောပွဲကျင်းပ
Aug 17,2024
အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း(ဗဟို-မန္တလေး)(AEDA-Mdy)တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ထွဋ်ခေါင်မြန်မာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်သင်းခရိုင် GEC နှင့် ရွှေသက်တံ့ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Aug 17,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ခရိုင် GEC နှင့် ရွှေသက်တံ့ငွေစု ငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု သက်တံ့ရောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်တွင် စုပေါင်းမဏ္ဍိုင် ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Aug 17,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စုပေါင်းမဏ္ဍိုင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစု သက်တံ့ရောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် (၆)တန်းသွားကူဘိုတာ ကောက်စိုက်စက်ဖြင့် မိုးစပါးကောက်စိုက်ခြင်း သရုပ်ပြ ကောက်ကွက်ပြည့်မီစွာဖြင့်အချိန်တိုအတွင်း ဧကများစွာ…
Aug 17,2024
မန္တလေတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကရိယာများကို တွင်းကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်စေရေး၊ လုပ်သားရှားပါးမှုပြသနာကို ဖြေရှင်းပေးနိုင်စေရေး တို့အပြင် အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ (၆)တန်းသွား ကူဘိုတာကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို၊ ယနေ့မွန်းလွဲ(၁၂:၁၀)နာရီက သရက်တောကျေးရွာအုပ်စု၊ သရက်တော စိုက်ပျိုးရေးခြံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4347
Page
4348
Page
4349
Page
4350
Current page
4351
Page
4352
Page
4353
Page
4354
Page
4355
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department