Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်လောင်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ
Aug 21,2024
"ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်တီးစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျောင်းကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ သိရှိကျင့်သုံးစွဲမြဲပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရေး၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးသွားစေရေးအတွက် ရည်ရွယ်၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေး မြို့နယ်စိမ်းလန်းစိုပြည်ရေးစီးဌာနမှ ပျိုးပင်ပေါင်း(၅၁၇၁၀)ပင် စိုက်ပျိုး
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်များပျိုးထောင်ထားရှိပြီး ကျေးရွာသုံးစိုက်ခင်း၊ အခြားစိုက်ခင်းနှင့်တောင်တန်းစိုက်ခြင်းများအတွက် ပျိုးပင်ပေါင်း(၅၁၇၁၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာ၌ (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် သမုန်းကုန်းကျေးရွာ၌ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ကျေးရွာတွင်းမြေသားလမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင်တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်
Aug 21,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့ ထန်းတောကြီးကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အားကစားဆိုင်ရာများ အသိပညာပေးဟောပြော
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကိုယ်ကာယကြံ့ခိုင်သန်စွမ်းစေရန်၊ အားကစားကိုချစ်မြတ်နိုးတန်ဖိုးထား လိုက်စားတတ်စေရန် ရည်ရွယ်၍ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲများကို၊ အခြေခံပညာကျောင်းများတွင် လှည့်လည်ဆောင်ရွက်လျက်ရှိရာ၊ ယနေ့နံနက်(၉)နာရီက ထန်းတောကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Aug 21,2024
စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ မြင့်မားစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မိုင်းခတ်မြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
Aug 21,2024
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီ ၅၀ အချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် အခမ်းအ…
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအဆင့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4321
Page
4322
Page
4323
Page
4324
Current page
4325
Page
4326
Page
4327
Page
4328
Page
4329
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department