အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2024
မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျ အားကစားခန်းမ၌ မြန်အောင်မြို့နယ် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ ပင်စင်ထုတ်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေး၍  စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉) တိုင်းနယ်မြေအတွင်း ကြံခင်း- ဟင်္သာတ- ပုသိမ်လမ်းပိုင်း၌ (၁၈၂)အစုန်နှင့် (၁၈၁)အဆန်အမြန်ရထားကို   ယနေ့နံနက်ပိုင်းက ပုံမှန်ပြန်လည်ပြေးဆွဲကြောင်း သိရသည်။
Aug 21,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက စပါယ်မျှောင်‌ကျေးရွာအုပ်စုရှိ အ.ထ.က(ခွဲ)စပါယ်မျှောင်၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Aug 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများအား ပျော်ရွှင်ဖွယ်ရာ ကာယပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  ယနေ့နံနက် ၇ နာရီမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Aug 21,2024
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ အ.ထ.က(၁)ကျောင်းတွင် ယမန်နေ့က ဟောပြောပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ၊ ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ ပါဝင်လှုပ်ရှားသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိရပါတယ်-