အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းအား  ကတ္တရာခင်းခြင်းလုပ်ငန်း  ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သိရသည်။
Aug 28,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ၂၂လမ်းထိပ်၊ ကျွဲစွန်းဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 28,2024
ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Aug 28,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများ၏ အဓိက နှစ်ရှည်ဥယျာဉ်ခြံ စိုက်ပျိုးရေး ထွက်ကုန်တစ်မျိုးဖြစ်သော ဖာလာသီးနှံများကို ဖာလာစိုက်တောင်သူများက ဩဂုတ်လနောက်ဆုံးအပတ်မှစတင်၍ ဆွတ်ခူးရောင်းချလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
Aug 28,2024
ကျောင်းသား၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိရှောင်ရှားနိုင်ရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်သည့် အလေ့အကျင်းကောင်းများ ရရှိစေနိုင်ရန်အတွက် ရည်ရွယ်ကာ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ် “စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Aug 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိသည်။
Aug 28,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။