Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်၊ဆီ(ရိက္ခာများ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Aug 27,2024
နိုင်ငံတော်ကာကွယ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မိမိတို့မြို့နယ်အတွင်း လုံခြုံရေးကိစ္စရပ်များတွင် တစ်ဖက်တစ်လှမ်းမှ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ စစ်ဌာနေအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စိတ်အေးချမ်းသာယာစွာ လုပ်ကိုင်နိုင်စေရန်နှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အထောက်အပံ့ဖြစ်စေရန်အတွက် စသည့်တို့ကိုရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ဆန်၊ဆီ (ရိက္ခာများ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ဝန်ထမ်းများ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ၊ စုစုပေါင်း အင်းအား(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 27,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံမြို့)တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် စပါးများဖျက်ပိုးအန္တရာယ်မှကင်းဝေးရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Aug 27,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မိုးစပါးဖျက်ပိုးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကွီးလေးကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ် အ.ထ.က(ရခိုင်ချောင်)ကျောင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ သင်ကြားပို့ချခြင်း အခမ်းအနားကျင်းပ
Aug 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြခံအသိအမြင်များ သင်ကြားပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က အ.ထ.က (ရခိုင်ချောင်) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် Mpox(မျောက်ကျောက်) ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် အမှတ်(၄၅)အခြေခံမူလတန်းကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 27,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ်(၄၅)အခြေခံမူလတန်းကျောင်းတွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီ ၃၀မိနစ်အချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ
Aug 27,2024
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် Gender (ကျား/မရေးရာ)၊ CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)၊ NSPAW (အမျိ…
Aug 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် Gender(ကျား/မရေးရာ)၊ CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)၊ NSPAW (အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း) အသိပညာဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4268
Page
4269
Page
4270
Page
4271
Current page
4272
Page
4273
Page
4274
Page
4275
Page
4276
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department