ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ အခြေခံစားကုန်များနှင့် ‌ချီးမြှင့်ငွေများ ပေးအပ်

ကျိုင်းတုံ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ အခြေခံစားကုန်များနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်က အမှာစကားပြောကြားပြီး ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့ဝင် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀/- နှုန်းဖြင့် အဖွဲ့ဝင် ၃၀  ဦး အတွက် ငွေကျပ် (၉) သိန်း ချီးမြှင့်ပေးအပ်သည်။ ထို့နောက် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူး (ယာယီ)ဒုတိယရဲမှူးကြီး အောင်မြင့်ကြည်၊ မိုင်းလားခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်နှင့် သီးခြားရဲတပ်ဖွဲ့ တာဝန်ခံအရာရှိများက ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်း ၃၀ ဦးအား အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ကြက်ဥများ  ပေးအပ်ရာ ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယရဲမှူးကြီး(အငြိမ်းစား) ဦးမောင်မောင်သွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)