Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တန့်ယန်းမြို့နယ်တွင် ရဟန်းနှင့် ရှင်သာမဏေ(၈၄)ပါးအား သာသနာဝင်ကတ်ပြားဆက်ကပ်
Dec 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပြီးစီးခဲ့သော ရဟန်းနှင့် ရှင်သာမဏေများအတွက် သာသနာဝင်ကတ်ပြားဆက်ကပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဟိုမန်းကျေးရွာအုပ်စု လုံမုကျေးရွာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Dec 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းလုထုအခြေပြုဗဟိုဌာနရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗဟန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စာရေးဆရာ၊ စာရေးဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့ရုံး၊ မြေစိုက်နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Dec 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ လူကုန်ကူးမှုအန္တရာယ်ကာကွယ်ရေး သိကောင်းစရာ နံရံကပ်စာစောင်ပြသဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်စာစောင်၌ ပြသဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်၌ ဆောင်းနေကြာဆီထွက်သီးနှံစိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဆောင်းနေကြာဆီထွက်သီးနှံ စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ခုံဇင်ကုန်းကျေးရွာအုပ်စု၊ ကံကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားတွင် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Dec 17,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်တွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 17,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ “အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေး”အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက ကျုံးကျေးရွာသို့သွားရောက်၍ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီ အထူးအစည်းအဝေးကျင်းပ
Dec 17,2024
မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီအထူးအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မဂ်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Dec 17,2024
မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ လမ်းညွန်ကြီးကြပ်မှုဖြင့် နတ်မောက်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4191
Page
4192
Page
4193
Page
4194
Current page
4195
Page
4196
Page
4197
Page
4198
Page
4199
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department