အမြို့မြို့အနယ်နယ်သတင်းများ

Dec 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာကြည့်တိုက်ပညာများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 17,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်ဆေးဝါးနှင့် အစားအသောက်ကွက်ကဲကြီးကြပ်ရေးကော်မတီက E-cigarette and Vape များရောင်းချခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့်အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
Dec 17,2024
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်သည့် ဧည့်ကြိုသင်တန်း (Front Office)၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း (Food & Beverage Service) နှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း (House Keeping)စသည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုးဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မကွေးမြို့၊ ပုလဲရွှေရည်ဟော်တယ်၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
Dec 17,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်း၏ ဆောင်းရာသီစိုက်ပျိုးရေးကဏ္ဍအနေဖြင့် ဆီထွက်သီးနှံဆောင်းနေကြာအား ဒီဇင်ဘာပထမအပတ်မှစတင်စိုက်ပျိုးခဲ့ရာ ဧက(၂၀)ခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်ထံမှ သိရသည်။
Dec 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် နို့စားနွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် မေထုန်မဲ့သားစပ်လုပ်ငန်းများအောင်မြင်စေရန်အတွက် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မင်းပိုင်းရပ်ကွက်၊ မြဂိုးကျေးရွာတွင် ကွင်းဆင်းစည်းရုံး ဟောပြောခဲ့ကြောင်း သိရှိရသည်။
Dec 17,2024
လူငယ်များ ဗလငါးတန်အပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတက်ရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဒီဇင်ဘာ (၁၅)ရက် ညနေ(၃)နာရီအချိန်၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုတ်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွတ်၊ ၈ ဖြတ်လမ်းတွင် အကြိမ်(၈၀)မြောတ် မဟာဒုတ်ဘုရားကို တစ်နှစ်တာ ပင့်ဆောင်၍ အပူဇော်ခံခွင့်ရရှိမည့် ဘုရားဒါယကာ၊ ဒါယိကာမ ရွေးချယ်ပွဲကို ယမန်နေ့ ညနေ(၅)နာရီက စတင်ကျင်းပခဲ့သည်။
Dec 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ (အ.ထ.က)ရွှေသောင်ယံတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကျောင်းစုံညီပွဲတော်အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။