အမြို့မြို့အနယ်နယ်သတင်းများ

May 28,2026
၂ဝ၂၆ ခုနှစ် ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းဆပ်ကော်မတီတို့မှ ပူးပေါင်းကျင်းပသော ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌဖလား (ဒုတိယ)အကြိမ် အမျိုးသားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
May 28,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများအား စက်သုံးဆီများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်သည်။
May 28,2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၂၇)ရက်နေ့ ညနေပိုင်းကပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
May 28,2026
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
May 27,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုများအား အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ဆရာမများက ယနေ့နံနက် ၁၀ နာရီမှ စတင်၍ သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
May 27,2026
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဝါရောင်မျိုးဆက်သစ် ပရဟိတလူငယ် (YGW)ကျောင်းတို့ ပူးပေါင်း၍ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်ရုံး (Community Centre)ခန်းမ၌ ကျင်းပရာ  မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ထွေးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
May 27,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးတိုင်း (အရှေ့ပိုင်း) မှ ကျောင်းသား၊ ကျောင်းသူ (၅၈) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ (၆) ဦးလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့လာရောက် လေ့လာဖူးမြော်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ရဲမှူး အေးမင်းသိန်း၊ မြို့နယ်ပညာရေးမှူး ဦးတင်နိုင်ဦး၊ မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးမင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာနာ၊ ဌာနဆိုင်ရာများ၊ ရွှေဘုံသာမုနိဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် ဂေါပကအဖွဲ့ဝင်များမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။