သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုများအား အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သရက်ချောင်း မေ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူလူထုများအား အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ဆရာမများက ယနေ့နံနက် ၁၀ နာရီမှ စတင်၍ သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာများကို အသိပညာပေး ဟောပြောပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ဆရာမများက ရက်(၁၀၀) စီမံချက်ဖြင့် မြို့မရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ စာရင်း‌ရေးသွင်းခြင်း၊ သွေးတိုးဆီးချိုစတဲ့ ရောဂါများအလိုက် စမ်းသပ်ပေးခြင်းနှင့် ဆေးပေးခြင်း၊ ကျန်းမာရေးဓာတ်ဆား‌များ အခမဲ့ဖြန့်‌ဝေပေးခြင်း၊ ရောဂါအလိုက်ဆေးသွင်းပေးခြင်းတို့ကို အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင် (ပြန်/ဆက်)