အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်ထုတ် မိဘပြည်သူများအား ယနေ့နံနက်(၈)နာရီမှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 23,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Dec 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာ‌စောင်ပြပွဲဆောင်ရွက်ခဲ့သည်။
Dec 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင် အာဟာရဒါနများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 23,2024
နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ  ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း/ အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
Dec 23,2024
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များကို ဆွတ်ခူးရယူနိုင်ခဲ့သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အောင်ပွဲရ အားကစားအသင်းများအား ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မျက်ခင်းပြင်၌ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Dec 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ယမန့်နေ့က မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးနှင့်တာဝန်ရှိသူများက  ဒွေးလှကျေးရွာတွင် စိုက်ပျိုးထားသည့် အောင်မြင်ဖြစ်ထွန်းနေသည့် ရေဆင်းစပ်မျိုး(၁) ‌စံပြနေကြာစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
Dec 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကြက်ဥများကို အဆိုပါဘဏ်ရှေ့၌ ယနေ့နံနက်ပိုင်းက ချီးမြှင့်ပေးအပ်ခဲ့ကြသည်။