လဲချား ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်ထုတ် မိဘပြည်သူများအား ယနေ့နံနက်(၈)နာရီမှစတင်၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ပင်စင်စားမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ် ဦးဆောင်သောအဖွဲ့သည် ပင်စင်လစာငွေများ လာရောက်ထုတ်ယူသော အငြိမ်းစားမိဘပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်။
ပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဒေါ်ခင်မျိုးဦးနှင့် ဝန်ထမ်းများမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဒီဇင်ဘာလ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ နံနက် (၈)နာရီ မှ မွန်းလွဲ (၂)နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ၏ ပြောကြားချက်အရ သိရသည်။
လဲချား(ပြန်/ဆက်)