အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အ.ထ.က(၁)ဇလွန်တွင် ပညာရေးစုံညီပွဲတော် (School Family Day) အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အ.ထ.က(၁)ဇလွန် အမျိုးသားဆောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
Jan 06,2025
ရန်ကုန်မြို့တော်စည်ပင်သာ‌ယာရေးကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်ဦးညီညီသည် အတွင်းရေးမှူး ၊ ကော်မတီဝင်များ ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူး (စီမံ/ခရိုင်မြို့နယ်)၊ ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၈ နာရီ ၂၀မိနစ်က ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
Jan 06,2025
စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်မိုအောင်ဦးဆောင်သောအဖွဲ့သည် မုံရွာမြို့ပေါ် ရပ်ကွက်များရှိ ချင်းတွင်းဈေး၊ မြသလ္လာဈေး၊ သီရိရတနာဈေး၊ ပြည်ထောင်စုဈေးတို့သို့ ယနေ့နံနက်ပိုင်းကရောက်ရှိပြီး  ဈေးတာဝန်ခံများနှင့်တွေ့ဆုံပြီး ဈေးကြီးများအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအား အထူးအလေးထားကာ  မီးငြိမ်းသတ်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန်များ၊ ရေစုပ်‌စက်များ၊ ရေငုတ်များကောင်းမွန်မှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Jan 06,2025
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ​အောင်ချက်မြင့်မား​ရေးအတွက် ကျိုင်းတုံတက္ကသိုလ်မှ ပါ​​​​​မောက္ခဆရာကြီး၊ ဆရာမကြီးများ၏ ​ဆွေး​နွေးပို့ချခြင်းကို ယ​နေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ရှိ ​ရွှေလီ​ဆောင်ခန်းမ၌ ​ဆွေး​နွေးပို့ချလျက်ရှိ​သည်။
Jan 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယမန်နေ့နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 06,2025
ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်နှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးတို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပညာ(Grade-11)နှင့် (Grade-12) ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။
Jan 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စတင်ထိုးနှံဆောင်ရွက်ပေးခဲ့သည်။