အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဒေသခံစိုက်ပျိုးရေးတောင်သူများအနေဖြင့် ဆောင်းရာသီ သီးပင်စားပင်နှင့် နှစ်ရှည်ပင်များနှစ်စဥ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Jan 06,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်မင်္ဂလာအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Jan 06,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားလာစေရန်နှင့် အရည်အသွေးကောင်းသော သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အသင်းဝင်တောင်သူများကို သီးနှံအဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရန်အတွက် စိုက်ပျိုးရေးသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Jan 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏စီစဉ်မှုဖြင့် ဇန်နဝါရီ (၄) ရက်နေ့ နံနက်ပိုင်းအချိန်က စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူနေသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား “ထာဝစဉ်မမေ့အပ် ရာဇဝင်နေ့မြတ်” ခေါင်းစဉ်ဖြင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 06,2025
ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ သစ်လွင်သူနာပြုများအား လုပ်ငန်းခွင်အကြို သင်တန်းဖွင့်လှစ်ပို့ချခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် တာဝန်ရှိသူများ၊ သစ်လွင်သူနာပြု သင်တန်းသား၊ သက်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Jan 06,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
Jan 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၅)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 06,2025
၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေး ပွဲအခမ်းအနားကိုကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်ပညာရေးမှူးရုံးရှိ "မြတ်ပညာ"ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြု လုပ်ခဲ့သည်။