Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လသာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (မြညီလာ) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-တရုတ် နှစ်နိုင်ငံဖြတ်ကျော်မာရသွန်ပြိုင်ပွဲ ကျင်းပ
Jan 07,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ တရုတ်နိုင်ငံရွှေလီမြို့၌ မြန်မာ-တရုတ် နှစ်နိုင်ငံဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၇)နာရီက ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 07,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ပလတ်စတစ်ကြွတ်ကြွတ်အိတ်များ သုံးစွဲမှုလျှော့ချရေးနှင့် ပလတ်စတစ်အစားထိုးသုံးစွဲရေး အသိပညာပေးခြင်းလုပ်ငန်းများကို စည်ပင်သာယာမြို့မဈေးကြီးနှစ်ခု၌ ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ ပူပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စကုမြို့ မူလတန်းကြိုကျောင်း၌ ကလေးငယ်များက အားကစားစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 07,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စကုမြို့ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကာ စကုမြို့ မူကြိုကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကလေးငယ်များ အားကစားစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jan 07,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြို့မစျေးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ် ၃ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်
Jan 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက် ဒေးဒရဲတံတားလမ်းရှိ ရတနာကောင်းကင် စက်သုံးဆီအရောင်းဆိုင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မီးသတ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ မဟာဘွဲ့နှင်း/စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jan 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲ၊ ပထမပြန်စာမေးပွဲတို့တွင် မအူပင်မြို့နယ်အတွင်း သီတင်းသုံး၍ ဖြေဆိုအောင်မြင်တော်မူကြကုန်သော စာအောင်သံဃာ/သီလရှင်တို့အား မဟာဘွဲ့နှင်း/စူဠ ဘွဲ့နှင်းဂုဏ်ပြုခြင်းအခမ်းအနားကို ဇန်နဝါရီလ(၅)ရက်နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ ဘုရားလမ်းရှိ ခရိုင်သာသနာ့ဗိမ္မာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4028
Page
4029
Page
4030
Page
4031
Current page
4032
Page
4033
Page
4034
Page
4035
Page
4036
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department