Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ "၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်…
Jan 07,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်း (၈) နာရီအချိန်က အလုံခရိုင်၊ အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသော အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး "၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်" အခမ်းအနားသို့တက်ရောက် ချီးမြှင့်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး အင်္ဂပူမြို့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအန…
Jan 07,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက အင်္ဂပူမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်ပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများနှင့် နံရံကပ်စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်…
Jan 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းလူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများနှင့် နံရံကပ်စာစောင်စာအုပ်ပြပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၃၀၀)ဦးအား (Pfizer) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
Jan 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၃၀၀)ဦးအား ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ဆေးထိုးစုရပ်သတ်မှတ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့ ပြည်သူ့ဈေးတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jan 07,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်နယ်မီးသတ်ဦးစီးမှူး လမ်းညွှန်မှုဖြင့် နွေရာသီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပဒုမ္မာလူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျိုက်ထိုမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် ပြည်သူ့ဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့အခြေခံပညာမူလတန်း မူလွန်မြို့မတောင်ကျောင်းတွင် ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းဆောင်ရွက်
Jan 07,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌကြီးကြပ်မှုဖြင့် ကျောင်းသား/သူများကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း မူလွန်မြို့မတောင်ကျောင်းစာသင်ခန်းတွင် ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 07,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညအထက်တန်းကျောင်း(ပေါင်းတည်)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်ယဉ်ကျေးမှုနည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jan 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာ့နေခြည်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ယဉ်ကျေးလိမ္မာသောလူငယ်များဖြစ်လာစေရေးနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာပေများ ပြန့်ပွားလာစေရေးတို့အတွက် လူငယ်ယဉ်ကျေးမှု နည်းပြသင်တန်းဆင်းပွဲအခမ်းအနားအား ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4025
Page
4026
Page
4027
Page
4028
Current page
4029
Page
4030
Page
4031
Page
4032
Page
4033
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department