အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နေ့လယ်က ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ လွိုင်ကော်မြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
Oct 06,2024
တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
Oct 06,2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယမန်နေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက် (၂၀) နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်များအလိုက် အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
Oct 06,2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။
Oct 06,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေတိုက်စားမှုကြောင့် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေး-ဒလန့်ချွန်သွား မီးရထားလမ်း၊ ကွင့်ကြီးမြောင်ချောင်းကူးတံတား၊ တံတားအမှတ် ၁၄၄၊ မိုင်တိုင်အမှတ် ၂၆၂/၆၇ ၊ ၂၄ ပေအရှည် တံတား ကျိုးကျပျက်စီးခဲ့သည်။
Oct 06,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မစျေးအနောက်ဘက်ခြမ်းရှိ အဆင့်မြင့် RC နှစ်ထပ် စျေးရုံသစ်ကြီး တည်ဆောက်ပြီးစီးမှုအား တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကြည့်ရှုစစ်ဆေးသည်။
Oct 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့ညမိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနိမ့်ပိုင်းနေအိမ်အချို့တွင် ယနေ့နံနက်ပိုင်း ၄ နာရီခန့်က ရေများယမန်နေ့ထက် ပိုမိုဝင်ရောက်ခဲ့ရာ ကူညီကယ်ဆယ်ရေးများပြုလုပ်ခဲ့ရပြီး မွေတော်အ.မ.ကကျောင်းလည်း ရေနစ်မြုပ်ကာ ဆီဆုံရပ်ကွက်နှင့် တောင်မြို့ရပ်ကွက် ဆက်သွယ်ထားသောတံတားသည်လည်း ရေနစ်မြုပ်သဖြင့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။