အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဥပဒေအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်နေ့က အ-ထ-က မိုင်းဆတ်ကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၃၁)ကြိမ်မြောက် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကသာမြို့၊ ပြည်သာယာကျေးရွာအုပ်စု မူလတောရကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အ​ခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာငှားခြင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Nov 15,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ အလှူရှင်များ ပါဝင်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို နို၀င်ဘာ ၁၃ ရက်နေ့ နံနက် (၉)နာရီက ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Nov 14,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေတောကျေးရွာအုပ်စု၊ ပေါက်ကုန်းရွာသစ်ကျေးရွာတွင် တတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
Nov 14,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ အမျိုးသားနေ့ဖြစ်ပေါ်လာပုံများ၊ အမျိုးသားရေးစိတ်ဓာတ်များ ကိန်းအောင်စေရေး အသိပညာပေးဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကို နိုဝင်ဘာ(၁၄)ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။