Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နမ္မတူမြို့နယ်၌ (Physical Fitness Dance) ဆင့်ပွားသင်တန်း ဆင်းပွဲကျင်းပ
Mar 10,2020
(Physical Fitness Dance) ဆင့်ပွားသင်တန်းဆင်းပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၈)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာဖြေဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Mar 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် မတ်လ(၁၁)ရက်မှ (၂၀) ရက်နေ့ ထိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်စာဖြေဌာန အ-ထ-က ကျောင်းသို့ ယမန်နေ့ နံနက်က ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်ကာ ကျောင်းလုံခြုံမှုရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၁၁) ဦး ဖြေဆိုမည့် စာဖြေခန်းများ စနစ်တကျ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရ သည်။
အပြည့်အစုံ ဖတ်ရန်
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပ
Mar 10,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ မြို့မသာသနာပြု (ဗဟို) ကျောင်းဆရာတော်အား ကြိုဆိုဂုဏ်ပြုခြင်းကို ယမန်နေ့ညနေ (၆)နာရီက မြို့အဝင်၌ စတင်ကြိုဆိုပူဇော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Mar 10,2020
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယမန်နေ့ ညနေ (၃) နာရီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသော ရှမ်းပြည်နယ်( အရှေ့ပိုင်း )၊ မိုင်းဖြတ်မြို့နယ် အ.ထ.က ( ဟိုနား )ကျောင်း (၂)ထပ် ကျောင်းဆောင်သစ်၊ ဈေးတန်းကွက်သစ်ရပ်ကွက်ရှိ မြို့နယ်ဆရာဝန် နေအိမ် တည်ဆောက်နေခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မြို့မအားကစားကွင်း မြေညှိ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား သတ်မှတ်စံချိန်စံနှုန်း ပြည့်မီ၍ အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
ကျီခါးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေး
Mar 10,2020
၂၀၂ဝပြည့်နှစ် ၊ မတ်လ (၁၁) ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွက် ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့နံနက်(၉)နာရီက ချင်းပြည်နယ်၊ ကျီခါးမြို့ (အ.ထ.က) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့၌ နွေရာသီအားကစားနည်း(၅)မျိုး သင်တန်းဖွင့်ပွဲ
Mar 09,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်အကောင်အထည်ဖော် ဆောင်ရာတွင် "တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်းမြှင့်မားစေရန်နှင့် အနာဂတ်လူငယ်များ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူငယ်များဖြစ်လာစေရန်" ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားနည်း (၅)မျိုး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ကလောမြို့ မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ရာ ကလောမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဆပ်ကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား
Mar 09,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီကျော်ခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်တစ်လုံးနှင့် ဆိုင်ခန်းများမီးလောင်မှုဖြစ်ပွားကြောင်း တနိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ် သဲကုန်းကျေးရွာတွင် ထင်းမီးဖိုဖြင့် ပုဇွန်အိုးပြုတ်ထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား
Mar 09,2020
မွန်ပြည်နယ် ပေါင်မြို့နယ် သဲကုန်းကျေးရွာ ဘုန်းကြီးလမ်းတွင် ယမန်နေ့ နေ့လယ်ပိုင်း က နေအိမ်မီးဖိုချောင်အတွင်း ပုဇွန်အိုးပြုတ်ထားရာမှ တစ်ဆင့် နေအိမ် ၁၆ လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30847
Page
30848
Page
30849
Page
30850
Current page
30851
Page
30852
Page
30853
Page
30854
Page
30855
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department