တနိုင်းမြို့တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

မြစ်ကြီးနား၊ မတ် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့တွင် ယမန်နေ့နံနက် ၁၀ နာရီကျော်ခန့်က မီးဖိုမီးကြွင်းမှတစ်ဆင့် လူနေအိမ်တစ်လုံးနှင့် ဆိုင်ခန်းများမီးလောင်မှုဖြစ်ပွားကြောင်း တနိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ နေအိမ်နောက်ဘေးရှိ မီးဖိုမီးကြွင်းမှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် ဆိုင်ကယ်ပြုပြင်ရေးနှင့် အပိုပစ္စည်းရောင်းဝယ်ရေး ဆိုင်ခန်းတစ်ခန်း၊ ကုန်စုံဆိုင်တစ်ခန်းနှင့် ကွမ်းယာ ဆိုင်ခန်းတစ်ခန်း မီးလောင် ဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ တနိုင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးသန်းယဉ် ဦးဆောင်၍ သန္ဒေ(၁၅)ဦး၊ အရန်(၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းသိရှိရသည်။

စိန်ဝင်း (ပြန်/ဆက်)