Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သီးနှံများ အရည်အသွေးနှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဘောလခဲခရိုင်ရုံးမှဦးစီးကျင်းပသော သီးနှံများ အရည်အသွေး နှင့် အထွက်နှုန်း တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ခရိုင်စိုက်ပျိုးရေးရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။ သင်တန်းဖွင့်ပွဲ ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြောကြားရာတွင် “ယခုလို သင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ဒေသခံတောင်သူများအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသွားမည့် သင်ခန်းစာများအား စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြစေလိုကြောင်း၊ မိမိလေ့လာမှတ်သားရသမျှကို မိမိဒေသရှိ စိုက်ပျိုးသီးနှံများအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်စနစ် မှန်ကန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက တောင်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းမှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့ စည်ပင်သာယာဈေးအတွင်း (FDA)မှ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် အစားသောက်များအား စစ်ဆေး
Feb 25,2020
ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ မိုးညှင်းမြို့ စည်ပင်သာယာ ဈေးအတွင်း ရောင်းချနေသော အစားအသောက်များတွင် တားမြစ်ဓာတုဆေးဝါးများနှင့် ခွင့်မပြုဆိုးဆေးများ ပါဝင်မှုမရှိစေရေးအတွက် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Feb 25,2020
ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိဝန်ထမ်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့၊ မြို့မ အ-ထ-ကကျောင်း၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကူးစက်ခံရမှု မရှိစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Feb 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့မအထကကျောင်း၌ ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက်ခံရမှု မရှိစေရေး အသိပညာပေး ဟောပြော ပွဲ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
Feb 25,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သော ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် မိုးလုံ လေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်၌ (Novel Corona Virus) ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်
Feb 25,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်ကုသရေးဦးစီးဌာမှ ဝန်ထမ်းများတို့က (Novel Corona Virus) ကြိုတင်ကာကွယ်ရေး လုပ်ငန်းအဖြစ် ခရီးသည်ကားများနှင့် ကုန်တင်ယာဉ်များတွင် လိုက်ပါလာသော ခရီးသည်များတို့ကို ကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက်ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Feb 25,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးကျေးရွာဖြစ်သည့် ပန်တိန်းကျေးရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 25,2020
မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းကာ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲခြင်း (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30806
Page
30807
Page
30808
Page
30809
Current page
30810
Page
30811
Page
30812
Page
30813
Page
30814
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department