Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လောင်းလုံးမြို့နယ်တွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 07,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ လောင်းလုံးမြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို သြဂုတ် ၅ ရက်နေ့မှ ၆ရက်နေ့ အထိလောင်းလုံးမြို့နယ်၊ပန်းတင်အင်း ကျေးရွာအုပ်စုတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များလှူဒါန်း
Aug 07,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တတ်လာသဖြင့် ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်း ခြင်းကို ကျွန်းမီးအုပ်စု ရွှေတောင်စုကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်အတွင်းရှိ ဈေးများတွင် နှာခေါင်းစည်း (Mask) တပ်ဆင်၍ ဈေးရောင်း ဈေးဝယ် ပြုကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 07,2020
Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ လူစည်ကားရာ ဈေးများဖြစ်သော အောင်မင်္ဂလာဈေး၊ အိုင်သပြုဈေး၊ ခမောက်စုဈေးတို့ရှိ ဈေးဝယ်သူ ဈေးရောင်းသူများအား ယနေ့နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာအဖွဲ့မှ တာဝန်ရှိသူများမှ နှာခေါင်းစည်း (Mask) တပ်ဆင်၍ ဈေးရောင်း ဈေးဝယ် ပြုကြရန် အသိပညာပေးခြင်းနှင့် Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချ
Aug 07,2020
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများအား ထုတ်ပြန်ကြေညာ
Aug 07,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အသက်၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသုများစာရင်းကို ဇူလိုင်လ၂၅ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများ၌ ထုတ်ပြန်ကြေညာလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ကို ပြည်သူများထံသို့ ဖြန့်ဝေပေး
Aug 07,2020
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက ပြည်သူများထံသို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ ကျေးရွာလူထုများ၏ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း…
Aug 07,2020
စိုက်ပျိုးရေး၊ မွေမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလ ကျေးရွာလူထုများ၏ စီးပွားရေးထိခိုက်မှုကို ကုစားရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအား ကျေးရွာလည်ပတ်ရန်ပုံငွေအဖြစ် ထောက်ပံ့ငွေမတည်ပေးပြီး အိမ်ထောင်စုများထံ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြင့် ရေရှည်တည်တံ့လည်ပတ်စေမည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ငွန်ဆိုင်း ကျေးရွာစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန် ငါးမျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ…
Aug 07,2020
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက် ကုန်ငါးမျိုး ထောက်ပံ့ရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိခဲ့ သည့် အခြေခံလူတန်းစား အိမ်ထောင်စုများ အား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ကံကလေး၊ တောင်ပို့သာယာ၊ ကဇင်းကြီး၊ သစ်နဖား၊ စပါယ်မျှောင်နှင့် တယ်ပင်ကန် ကျေးရွာအုပ်စုများသို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30180
Page
30181
Page
30182
Page
30183
Current page
30184
Page
30185
Page
30186
Page
30187
Page
30188
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department