Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
Mobile Tablet အသုံးပြု၍ ပြည်သူ့ကျန်းမာရေးကြီးကြပ်အဆင့်(၂)အား မွမ်းမံသင်တန်းဖွင့်လှစ်
Aug 07,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် Mobile Tablet အသုံးပြု၍ ပြည်သူ့ ကျန်းမာရေးကြီးကြပ်အဆင့်(၂) မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်
Aug 07,2020
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူစာကြည့်တိုက်သို့ လာရောက်သော စာဖတ်ပရိတ်သတ်များနှင့် ဝန်ထမ်း များအား ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားရောဂါများ ကင်းဝေးစေရေအတွက် ယနေ့ မွန်းလွဲ(၃)နာရီ အချိန်က ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ အထက်တန်းကျောင်း တန်းစီကွင်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်းဆောင်ရွက်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အထက်တန်းကျောင်း တန်းစီကွင်းတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့က ထောက်ပံ့သော ဘိလပ်မြေဖြင့် ယမန်နေ့ကစ၍ ဆောင်ရွက်နေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းအား (၇) ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာပေးမည်
Aug 07,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်များစာရင်းကို သတ်မှတ်ပုံစံအတိုင်း (၁၄) ရက်ကြာ ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်များစာရင်းကို ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၇) ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်းကို ဩဂုတ်လ ၆ ရက် ညနေ ၃ နာရီက အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ Covid-19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
Aug 07,2020
ကချင်ပြည်နယ်၊ မိုညှင်းခရိုင်၊ ဟိုပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ Covid-19 ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online စနစ်ဖြင့် လက်ကိုင်အိတ် ထိုးနည်းသင်တန်းဖွင့်လှစ်
Aug 07,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အိမ်တွင်းမှုလုပ်ငန်းဖြစ်သော အမျိုးသမီးသုံး လက်ကိုင်အိတ်ထိုးနည်းသင်တန်းအား Online စနစ်ဖြင့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ယဉ်ယဉ်မော်က သင်ကြား ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Aug 07,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပြုရ မည့် အကြောင်းအရာများအား ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီက အသိပညာပေးဆွေးနွေးပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ
Aug 07,2020
ဒေသအနှံ့အပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများ၊ ဝက်မွေးမြူရေးသမားများ၊ ဝက်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် စီးပွားရေးထိခိုက်မှု မရှိစေရေးနှင့် ရောဂါ ပျံ့နှံ့ကူးစက်မှု မရှိစေရေးအတွက် ယမန်နေ့နံနက်(၇)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အတွင်းရှိ အောင်မင်္ဂလာဈေးတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ဈေးများအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များ ချိတ်ဆွဲကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30179
Page
30180
Page
30181
Page
30182
Current page
30183
Page
30184
Page
30185
Page
30186
Page
30187
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department