Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Mar 20,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါ ကာကွယ်နိုင်ရေး ပြည်သူများ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်အတွက် ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ပညာပေးစာစောင်များပြသခြင်း၊ စာကြည့်တိုက်သို့ လာရောက်အသုံးပြုသူများအား လက်ဆေးသန့်စင်မှုပြုလုပ်နိုင်စေရန် လက်ဆေးရေများကို အသင့်ထားရှိပေးထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်အတွင်း နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှုဖြစ်ပေါ်လာပါက ဆက်သွယ် အကူအညီ တောင်းခံနိုင်
Mar 20,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလအတွင်း သောက်သုံး ရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ရုံးဖုန်းနံပါတ်၊ ဝန်ထမ်းများ၏ ဖုန်းနံပါတ်များသို့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါကြောင်း မြို့နယ် ဦးစီးအရာရှိ ဦးစောအောင်မျိုးမြင့်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သက်တမ်းလွန်စားသောက်ကုန်များနှင့် ကန့်သတ်ဆိုးဆေးပါဝင်သည့် အစားအသောက်များ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Mar 20,2020
မင်းတပ်မြို့ စည်ပင်ဧရိယာအတွင်းရှိ စျေးဆိုင်များ၌ သက်တမ်းလွန်စားသောက်ကုန်များနှင့် ကန့်သတ်ဆိုးဆေးပါဝင်သည့် အစားအသောက်ရောင်းချမှုရှိ/မရှိ ခရိုင်အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးကျော်ဆန်းလှိုင် ဒုတိယကြီးကြပ်ရေးမှူး(အစားသောက်)နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ်တွင် ကိုရိုနားဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Mar 20,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရေး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Mar 20,2020
ကရင်ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ အများပြည်သူများ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချစွာ စားသောက်သုံးစွဲနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာဈေး အတွင်းသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ သောက်သုံးရေလိုအပ်သည့် ကျေးရွာများသို့ သွားရောက်လှူဒါန်း
Mar 20,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှုးရုံးမှ ယမန်နေ့နံနက် ၉နာရီက သောက်သုံးရေအခက်အခဲဖြစ်သည့် ဝမ်လုံးကျေးရွာအုပ်စု၊ နားမွန်းကျေးရွာ နှင့် ညနေ ၅နာရီက နမ့်လန်းကျေးရွာအုပ်စု ပါပူးကျေးရွာများသို့ သောက်သုံးရေများကို သွားရောက် လှူဒါန်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန် ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(Covid-19) နှင့် ပတ်သက်၍ အသိပညာပိုမိုတိုးတက်စေရန်နှင့် ရောဂါမဖြစ်စေရန် ကာကွယ်ရမည့် နည်းလမ်း
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Mar 19,2020
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ် ပြဘုတ်တွင် ယနေ့ ပြသထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28633
Page
28634
Page
28635
Page
28636
Current page
28637
Page
28638
Page
28639
Page
28640
Page
28641
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department